ကုမ္ပဏီသမိုင်းကြောင်း

Mother Foodstuff Co.,Ltd. ကို (၂၀၀၅) နစ်မှစ၍ စတင်တည်ထောင်ခဲ့ပြီး ၊ ရာနှုန််းပြည့် တိုင်းရင်းသား လုပ်ငန်းရှင် ပိုင် ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်(၂)၊ ၅၁-လမ်း၊ ကနောင်မင်းသားကြီးလမ်း နှင့် ဖိုးရာဇာလမ်းကြား၊ အမှတ်-(H-၂၀၉/၃)တွင် တည်ရှိပြီး ဂျယ်လီနှင့် သဘာဝသစ်သီးများမှ ထုတ်လုပ်သည့် အချိုရည်မျိုးစုံကို ခေတ်မှီ စက်ကြီးများဖြင့် အရည်အသွေးမှီ ထုတ်ကုန်များကို ထုတ်လုပ်၍မြန်မာပြည်တစ်ဝှမ်း လုံးသို့ ဖြန့််ဖြူးရောင်းချလျက်ရှိပါသည်။

စားသောက် ထုတ်ကုန်များအနေဖြင့် ဂျယ်လီမျိုးစုံ (၉၀)ကျော် နှင့် အချိုရည်မျိုးစုံ (၅၀)ကျော် တို့ကို ထုတ်လုပ်ရောင်းချလျက် ရှိပါသည်။ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည့် အားလျော်စွာထုတ်လုပ်မှု အဆင့်ဆင့်တိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းများ ၊ သတ်မှတ်ချက်များ နှင့် မြန်မာနိုင်ငံစားသောက်ကုန် ကြီးကြပ်ရေး နှင့် စစ်ဆေးရေးအဖွဲ့မှ သတ််မှတ်ထားသော သတ်မှတ်ချက်နှင့် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးမှီ စားသောက် ကုန်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
Mother Foodstuff Co.,Ltd. ကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကာယ၊ ဉာဏဝန်ထမ်းအင်အားတို့ဖြင့် ဌာနပေါင်း (၁၁) ဌာနဖြင့် ဖွဲ့စည်းပြီး လုပ်ငန်း လည်ပတ်လျက်ရှိပါသည်။ Company အနေဖြင့် လက်ရှိအချိန်တွင် အလုပ်နေရာပေါင်း ၅၀၀ကျော် ဖန်တီးပေးလျက်ရှိပြီး တိုးတက်မှုများနှင့်အတူ အလုပ်နေရာပေါင်းများစွာ ဖန်တီးပေးနေ မည်လည်း ဖြစ်ပါသည်။
Company အနေဖြင့် ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချပေးနေသော မိတ်ဟောင်း/မိတ်သစ် ကုန်သည်များ မှ စားသုံးသူများအထိ စိတ်ကျေနပ်မှု ၊ ထိုက်တန်မှု ၊ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေး နှင့် လတ်ဆတ်သန့်ရှင်းသော အရည်အသွေးမြင့် ပစ္စည်းများကို စားသုံးနိုင်ရန်အတွက် အဆင့်ဆင့် အဆင်ပြေ ကျေနပ်နေစေရေးတို့ကို အလေးထားပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
Company ၏ Brand Name သည်“ မေမေစားသောက်ကုန််လုပ်ငန်း” ဖြစ်သည့် အားလျော်စွာ မေတ္တာတရားကို ရည်ညွန်းခြင်းဖြစ်ပြီး အမြတ်အစွန်းရရှိမှုထက် စားသုံးသူ မိဘပြည်သူများ၏ အကျိုးကျေးဇူးအတွက် အကောင်းဆုံး ပေးဆပ်မှုများဖြင့် ကြိုးစားသွားရန် ရည်ရွယ်ပါသည်။ ထို့ပြင် Company မှ ရရှိလာသော အကျိုးအမြတ် များကိုလည်း မေမေဂျယ်လီနှင့်အချိုရည်စက်ရုံမှတည်ထောင်ထားသော မေမေ ဖောင်ဒေးရှင်း(MOTHER FOUNDATION) ၏ တနင်္ဂနွေအပတ်စဉ် အာဟာရဒါန လှူဒါန်းခြင်း၊ သန့်စင်သောသွေး၊ အသည်း၊ ကျောက်ကပ် ကူညီရှာဖွေလှူဒါန်းခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်များဆက်ကပ် လောင်းလှူခြင်း၊ ကျန်းမာရေုးအတွက် အခက်အခဲဖြစ်နေသူများကို ဆေးဖိုးထောက်ပံ့လှူဒါန်းခြင်း နှင့် ထူးချွန်သော ကျောင်းသားလူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ခြင်း တို့အတွက် အသုံးပြုလျှက်ရှိပါသည်။

ဥက္ကဌ အမှာစကား

ကျွနု်ပ်တို့သည် ပရဟိတကို အခြေခံသော လူသားအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင် နိုင်ရန်အတွက် အစဉ်အမြဲကြိုးစားနေလျှက်ရှိပါသည်။ ကျွန်တော်သည် အခြေခံလူတန်းစားဘဝမှ တိုးတက်ပြီးကြီး ကျယ်ခမ်းနားသော ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာရန်ုအတွက် လူသားကောင်းကျိုးကို ဖော်ဆောင်လုပ်ကိုင် လိုစိတ်ပြင်းပြ၍ အခက်အခဲပေါင်းများစွာကြားမှ ရုန်းကန်လုပ်ဆောင်ခဲ့ရပါသည်။
ကျွန်တော် မေမေဂျယ်လီနှင့်အချိုရည်ကုမ္ပဏီကြီးကို စတင်တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ အများကောင်းကျိုးကိုလုပ်ဆောင်ပေးသော မေမေဖောင်ဒေးရှင်း ပရဟိတ အသင်းကြီး ဖွဲ့စည်း တည်ထောင်နိုင်ရန် ဖြစ်ပါသည်။ ကျွန်တော်တို့ စက်ရုံကြီးသည် ပြင်ပ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသလို မေမေကုမ္ပဏီရှိဝန်ထမ်းများနှင့်မိသားစုဝင်များ၏ အခက်အခဲနှင့် လိုအပ်ချက်များ ကိုလည်း စွမ်းစွမ်းတမံဖြည့်ဆည်းလုပ်ဆောင်ပေးလျှက်ရှိပါသည်။ ဝန်ထမ်းများ၏ ဘဝနှောင်ရေး ခိုင်မာစေရန် နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် အတွက်လည်း ပြည်တွင်း၊ ပြည်ပမှ သင်တန်းများကိုစေလွှတ်လျက် Company ၏ လူစွမ်းအား အရင်းအမြစ် တိုးတက်လာစေရန် အစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျွန်တော်သည် မေမေနှင့်ပတ်သက်ဆက်နွယ် ရောင်းဝယ်ဖောက်ကားပေးနေသော ကုန်သည်များကို ကျေးဇူးရှင်များလိုသဘောထားပြီး သူတို့၏ကောင်းကျိုးကိုရှေ့ရှု့ကာ နိုင်ငံရပ်ခြားမှ လေ့လာ၊ သင်ယူလာသော နည်းပညာအသစ်များကို အသုံးပြုပြီး အကောင်းဆုံးအရသာများကို ပေးစွမ်းလျက် ရှိပါသည်။ ကုန်သည်များအတွက် အကောင်းဆုံးအရသာများကို ပေးစွမ်းနိုင်ရန် Company ရှိဝန်ထမ်း များသည် မိမိတို့သက်ဆိုင်ရာ အပိုင်းကဏ္ဍမှ စိတ်စေတနာအပြည့်အဝဖြင့် ကြိုးစားဆောင်ရွက် ပေးလျက်ရှိပါသည်။
ကျွန်တော်တို့သည် မေမေကုမ္ပဏီကြီးအောင်မြင်ဖို့ရန်အတွက် အခက်အခဲနှင့် စိန်ခေါ်မှုပေါင်း မြောက်များစွာကို စိတ်ဓါတ်မကျဘဲ ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့သည် တိုးတက်ပြောင်းလဲ နေတဲ့ ခေတ်ကြီးမှာ “မနေ့ကရှိခဲ့တဲ့ အားသာချက်ဆိုတာကို နောက်တစ်နေ့ရဲ့ တိုးတက်လာ မှုတွေကအစားထိုးသွားမှာ ဖြစ်တဲ့အတွက်” ယခုရရှိနေသော လက်ရှိအောင်မြင်မှုကို သာယာမနေဘဲ ဆက်လက် ကြိုးစား နေရမည်ဖြစ်ပါသည်။

ကျွနု်ပ်တို့အဖွဲ့အစည်း

မေမေဂျယ်လီ၊ အချိုရည် နှင့်ဆပ်ပြာစက်ရုံ၏ အဓိဌါန်

ကျွနု်ပ်တို့သည် စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်များကိုသာ ထုတ်လုပ်သွားပါမည်။

ကျွနု်ပ်တို့မေမေဝန်ထမ်းများသည် စည်းလုံးညီညွတ်သောစိတ်ဓာတ်ဖြင့် ရိုးသားတတ်ကြွစွာ ဆောင်ရွက်သွားပါမည်။

ကျွနု်ပ်တို့ကုမ္ပဏီသည် မည်သည့်အချိန်မှရပ်တန့်မနေဘဲ နည်းပညာသစ် ထုတ်ကုန်သစ်များဖြင့် စွန့် ၊ ဦး ၊တီထွင် ဆောင်ရွက်သွားပါမည်။

ကျွနု်ပ်တို့သည်ကုမ္ပဏီမှရရှိသော အကျိုးအမြတ်များကို လောကလူသားများကောင်းကျိုး အတွက် အသုံးပြုဆောင်ရွက်သွားပါမည်။

မေမေဂျယ်လီ၊ အချိုရည် နှင့် ဆပ်ပြာစက်ရုံ၏ မေတ္တာပို့ဆုတောင်း

လုံးစုံများစွာသတ္တဝါချမ်းသာပါစေ ———– တို့မေမေ။

၀န်ထမ်းအချင်းချင်း အတ္တကင်းစည်းလုံးကြစေ ———- တို့မေမေ။

ဘာသာအကျိုးကိုယ့်လူမျိုး သယ်ပိုးနိုင်စေ ———- တို့မေမေ။

ပရဟိတနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြစေ ———– တို့မေမေ။

မေမေ့မေတ္တာပေးဝေကာ အေးမြပါစေ ———- တို့မေမေ။

ကျွနု်ပ်တို့သည် ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိသောမုန့်များကိုသာ အဓိကထား ဖြန့်ချီလျက်ရှိပါသည်

အတူတူအလုပ်လုပ်ကိုင်လိုပါသလား